++++++++++++
သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းပေါ့
အားမနာတမ်း ဟောပြလိုက်မယ်...
အဟောင်းအညစ်တွေ ကျန်နေသမျှ
သကြားမင်း ဘယ်နှစ်ခါ တို့ ပြည်ကျကျ
မရဘူး မွဲပြာကျတာ ဆက်ဖြစ်နေမယ်။
အကောင်းသာမြင်တတ်သူတွေကြောင့်
အဟောင်းတွေဆက်ခေါင်းထောင်နေတာ
နှစ်သက်ကန့် နိုင်မည်မဟုတ်။
တစ်ယောက်တစ်ပေါက် ဗရုတ်တွေကြောင့်
ယိုနေတဲ့ ဟာပေါက်တွေ
ပိတ်လေ ယိုလေဖြစ်မယ်။
မုသာဝါဒီ နိုင်ငံရေးသမားတွေကြောင့်
ပြည်ထောင်စုတစ်လွှား ဘယ်သွားသွား
စိတ်ချမ်းသာမှုများ ရမည်မဟုတ်။
အမေကျော်ဒွေးတော် မလွမ်းသူတွေ
ဒွေးတော်ကို အမေခေါ်နေကြလို့ 
ပြည်သူတွေ အရင်ထက် ပိုနာလိမ့်မယ်။
မကောင်းသူတွေ ပိုညီညွတ်လို့ 
အဆီနဲ့ အရွတ်တောင်ဝေး
အရိုးလေးတောင် ကိုက်ရ ကံကောင်း။
မကောင်းလဲကံ ကောင်းလဲကံလို့ 
အစွဲသန် ယုံနေသမျှ
မကောင်းတာ တော်လှန်လိုစိတ်ကင်း
အာဏာရှင်တို့ ညွှတ်ကွင်းက
ဘယ်သောခါမှ လွတ်ကင်းမည်မဟုတ်။
Uzinn Nanda
သကြားမင်း ဘယ်နှစ်ခါ တို့ ပြည်ကျကျ
မရဘူး မွဲပြာကျတာ ဆက်ဖြစ်နေမယ်။
အကောင်းသာမြင်တတ်သူတွေကြောင့်
အဟောင်းတွေဆက်ခေါင်းထောင်နေတာ
နှစ်သက်ကန့် နိုင်မည်မဟုတ်။
တစ်ယောက်တစ်ပေါက် ဗရုတ်တွေကြောင့်
ယိုနေတဲ့ ဟာပေါက်တွေ
ပိတ်လေ ယိုလေဖြစ်မယ်။
မုသာဝါဒီ နိုင်ငံရေးသမားတွေကြောင့်
ပြည်ထောင်စုတစ်လွှား ဘယ်သွားသွား
စိတ်ချမ်းသာမှုများ ရမည်မဟုတ်။
အမေကျော်ဒွေးတော် မလွမ်းသူတွေ
ဒွေးတော်ကို အမေခေါ်နေကြလို့ 
ပြည်သူတွေ အရင်ထက် ပိုနာလိမ့်မယ်။
မကောင်းသူတွေ ပိုညီညွတ်လို့ 
အဆီနဲ့ အရွတ်တောင်ဝေး
အရိုးလေးတောင် ကိုက်ရ ကံကောင်း။
မကောင်းလဲကံ ကောင်းလဲကံလို့ 
အစွဲသန် ယုံနေသမျှ
မကောင်းတာ တော်လှန်လိုစိတ်ကင်း
အာဏာရှင်တို့ ညွှတ်ကွင်းက
ဘယ်သောခါမှ လွတ်ကင်းမည်မဟုတ်။
Uzinn Nanda
No comments:
Post a Comment